IKEA ရဲ့ ဂန္တဝင် Side Tableလေးတစ်လုံးအကြောင်း

 

 IKEA LACK side table ဟာ 1979 ခုနှစ်ကစလို့ ယနေ့ထိ နှစ်ပေါင်းများစွာအတွင်း အရောင်မျိုးစုံနဲ့ ထွက်လာတဲ့ IKEA classic table လေးတစ်လုံးပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ LACK series အနေနဲ့ Wall shelf, TV bench, Coffee table စတဲ့ ပုံစံမျိုးကို တဖြည်းဖြည်းနဲ့ ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် LACK လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက မူလပုံစံ 55×55 စင်တီမီတာ အရွယ်အစားရှိတဲ့ စတုရန်းစားပွဲလို့ပဲ ပြေးမြင်မိတတ်ကြပါတယ်။

 

Vivianne Sjölin လို့ခေါ်တဲ့ IKEA ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အကြီးအကဲတစ်ယောက်က IKEA ရဲ့ ထုတ်ကုန်တွေကို ကြည့်လိုက်ရင် ထိုခေတ်ထိုအခါက သစ်သား၊ သတ္တု၊ ဖန်တွေနဲ့ ပြုလုပ်ထားပြီး ကြီးမားလေးလံတဲ့ စားပွဲတွေပဲ များလွန်းနေတယ်လို့ တွေးခဲ့ပါတယ်။ Vivianne က IKEA ရဲ့ ဖောက်သည်တွေအတွက် လှလည်းလှ၊ သေးလည်းသေးရမယ့်အပြင် အရောင်အသွေးစုံတဲ့ စားပွဲတွေကို ထုတ်လုပ်ရောင်းချဖို့ စိတ်ကူး ရရှိခဲ့ပါတယ်။
Vivianne က IKEA ရဲ့ ကော်ဖီစားပွဲတွေကို တာဝန်ယူတဲ့ Jan Hellzén နဲ့ စကားပြောခဲ့ပြီးနောက် Jan နဲ့အတူ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် Tomas Paulsson ဆိုသူပါ ခေါ်ဆောင်ပြီး Milan မှာရှိတဲ့ ပရိဘောဂပြပွဲကို အတူတူ သွားရောက်လေ့လာခဲ့ပါတယ်။ Tomas နဲ့ Jan တို့က Milan ရဲ့ 'ဖက်ရှင်လမ်း' တစ်လျှောက် လမ်းလျှောက်ထွက်ရင်း ပြတင်းပေါက်ကနေ စားပွဲငယ်လေးကို တွေ့လိုက်ပြီး ဒီဇိုင်းကို တော်တော်လေး သဘောကျခဲ့ကြပါတယ်။ အဲဒီစားပွဲက 50x50 စင်တီမီတာ သို့ 10 စင်တီမီတာအထူဖြစ်နိုင်ပြီး စားပွဲခြေထောက်တွေကလည်း 10 စင်တီမီတာလောက် ထူတဲ့အပြင် တော်တော်လေးလည်း ခိုင်ပါတယ်။ ဒါနဲ့ပဲ Tomas နဲ့ Jan တို့က IKEA ထုတ်ကုန်တွေထဲမှာ ဒီလိုစားပွဲမရှိသေးဘူး၊ ဘယ်နေရာမှာမဆို လိုက်ဖက်နေမယ့် စားပွဲတစ်လုံးပဲ ပြောခဲ့ပါတယ်။
Jan Hellzén တစ်ယောက် အိမ်ပြန်ရောက်တဲ့အခါမှာတော့ ပုံကြမ်းတစ်ခုပြုလုပ်ခဲ့ပြီးနောက် particleboard နဲ့ ပြုလုပ်ထားတဲ့ နမူနာပုံစံတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ရက်အနည်းငယ်ကြာပြီးတဲ့နောက် Jan နှင့် Tomas တို့က IKEA တည်ထောင်သူ Ingvar Kamprad အနားမှာရပ်ရင်း နမူနာပုံစံပြုလုပ်တဲ့ အခန်းထဲရှိ စားပွဲများအကြောင်းပြောနေကြစဉ် LACK စားပွဲ ဖြစ်လာမယ့် စားပွဲကိုလက်ညှိုးထိုးပြပြီး "ဒါက ကောင်းတဲ့စားပွဲတစ်လုံးပဲ၊ စျေးနှုန်းကဘယ်လောက်လဲ" လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပဲ Tomas နဲ့ Jan တို့က 298 kronor (ယူရို 29.80) လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
Ingvar က - "ဟင့်အင်း၊ စျေးများတယ်။ အဲဒီစားပွဲကို board-on-frame [sandwich construction] ကနေထုတ်ကြည့်လိုက်ပါ။ 75 kronor ထက်မပိုနိုင်ဘူးလို့ အကြံပေးခဲ့ပါတယ်"
Tomas က board-on-frame တွေနဲ့ ရင်းနှီးပြီး အဲဒီပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ စားပွဲပြားတွေကို တီထွင်ခဲ့ပါတယ်။ Jan က စက်ရုံသို့ သွားရောက်ခဲ့ပြီး LACK ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်စွာ စတင်ခဲ့ပါတယ်။
LACK တွေရဲ့ ထုတ်လုပ်မှုပြီးတဲ့နောက်မှာတော့ အရောင်ကိုရွေးချယ်ဖို့ Vivianne Sjölin ကို မေးတဲ့အခါ – “ကျွန်မအိမ်မှာ Jan လုပ်ခဲ့တဲ့ ပထမဆုံးနမူနာတချို့ရှိတယ်။ အရောင်မျိုးစုံနဲ့ ထုတ်လုပ်သင့်တယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။”
"LACK ကို ပထမဆုံး တွေ့လိုက်သူတိုင်းက သဘောကျကြပြီး ဒီစားပွဲက တစ်နှစ်တာရဲ့ အကောင်းဆုံး ထုတ်ကုန်လို့ သတ်မှတ်ခဲ့ကြပါတယ်"
LACK ကို 1981 catalogue မျက်နှာဖုံးမှာ စတင်ထုတ်ဝေကြပြီး အဲဲဲဲဲဒီအချိန်တုန်းက 89 kronor (EUR 8.90) စျေးနှုန်း နဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် စားပွဲက အရမ်းဈေးကြီးတယ်လို့ ထင်တဲ့ Ingvar ကလွဲရင် လူတိုင်းကတော့ သဘောကျနေကြပါတယ်။
LACK စားပွဲရဲ့ ဒီဇိုင်းကို အမျိုးမျိုးသော လိုအပ်ချက်များအတွက် အသုံးပြုရ လွယ်ကူအောင်ထုတ်လုပ်ထားပြီး အိမ်မှာရှိတဲ့ တခြားပရိဘောဂတွေနဲ့လည်း လိုက်ဖက်စေမှာပါ။ Honeycomb paper construction နဲ့ ပြုလုပ်ထားတဲ့အတွက် ပေါ့ပါးတဲ့အပြင် ခိုင်လည်းခိုင်ခံ့ပါတယ်။ LACK စားပွဲကို သယ်ပြီး ကိုယ်ကြိုက်တဲ့နေရာမှာထားဖို့ အိမ်တစ်အိမ်လုံး ပတ်သွားနေရင်တောင် ပင်ပန်းမှာမဟုတ်ပါဘူး။ ယခုလက်ရှိ LACK စားပွဲရဲ့ ရွေးချယ်နိုင်တဲ့ အရောင်တွေကတော့ black-brown, white နဲ့ white stained oak effect ဆိုပြီး အရောင် ၃ ရောင် ရှိပါတယ်။
LACK စားပွဲမျက်နှာပြင်ရဲ့ အများဆုံးခံနိုင်တဲ့ ဝန်ပမာဏက 25 ကီလိုဂရမ် ထိဖြစ်ပါတယ်။ LACK စားပွဲရဲ့ ထုတ်ပိုးမှုက စားပွဲပြားသက်သက်၊ စားပွဲခြေထောက်သက်သက် ကို ပူးတွဲပြီး Plastic ပါကင်ပိတ်နဲ့ လာတာဖြစ်ပါတယ်။ အတွင်းထဲမှာလည်း Assembly instructions ပါ၀င်တဲ့အပြင် အလွယ်တကူ တပ်ဆင်လို့ရတာကလည်း သူ့ရဲ့ အားသာချက်တစ်ခုပါပဲ။ LACK စီးရီးရှိ အခြားထုတ်ကုန်များနှင့် ပေါင်းစပ်ပြီး အသုံးပြုနိုင်သလို KALLAX စီးရီးများနှင့်လည်း လိုက်ဖက်နေမှာ အသေအချာပါပဲ။ ဒါ့အပြင် ဒီနောက်ပိုင်းမှာတော့ LACK စားပွဲလေးတွေကို အသုံးပြုသူတွေက DIY အနေနဲ့ Hack ပြီးအမျိုးမျိုးတီထွင်ဖန်တီးပြီး အသုံးပြုလာကြပါတယ်။
ယခုလက်ရှိ 2023 ခုနှစ်ထိ IKEA မှာ LACK စားပွဲကို ဆက်လက်ဝယ်ယူနိုင်ပြီး မူလ ထုတ်လုပ်စဥ်ကထက် စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ပါတယ်။ Ingvar Kamprad ကလည်း ဒီအကြောင်းသိရရင် ပျော်နေလိမ့်မှာပါနော်။
Back to blog