နှစ်ပေါင်း 70 ကျော်ကြာ ရောင်းအားကောင်းနေသည့် MK Wing Chair အကြောင်း

နှစ်ပေါင်း 70 ကျော်ကြာ ရောင်းအားကောင်းနေသည့် MK Wing Chair အကြောင်း

နှစ်ပေါင်း 70 ကျော်ကြာ ယခုချိန်ထိ ရောင်းအားကောင်းနေသည့် IKEA တည်ထောင်သူ Ingvar Kamprad ရဲ့ အနှစ်သက်ဆုံး MK Wing Chair အကြောင်း💁‍♂️
MK Wing Chair ကို Ingvar Kamprad ကိုယ်တိုင်ရေးဆွဲဖန်တီးပြီး ၁၉၅၁ခုနစ်တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ IKEA ၌ ပထပဆုံးရောင်းချခဲ့သည့် ကူရှင်ပရိဘောဂအမျိုးအစားလည်း ဖြစ်ပါတယ်။
IKEA ၏ ပထမဦးဆုံး Catalog ရဲ့မျက်နှာဖုံး ပေါ်တွင်လည်း MK Wing Chair ကို "THE FAVOURITE TO BEAT ALL THE FAVOURITES"လို့တင်စားခဲ့ကြပါတယ်။ နစ်ပေါင်းများစွာကြာအောင် 🇸🇪 Sweden နိုင်ငံ၏ Stockholm ​မြို့တော်တွင် ကျင်းပသော နိုင်ငံတကာပရိ​ဘောဂပြပွဲကြီးမှာ နာမည်ကျော်ကြားဆုံးပရိဘောဂဖြစ်ခဲ့ပြီး ဆွီဒင်နိုင်ငံရဲ့ အိမ်တော်တော်များများတွင် စာဖတ်ထိုင်ခုံအဖြစ်လည်း လူကြိုက်များလာခဲ့ပါတယ်။
နှစ်ပေါင်းမျာစွာကြာအောင် ထွန်းလင်းတောက်ပခဲ့သော်လည်း ခေတ်၏ တောင်းဆိုချက်နှင့်အညီ ၂၀၁၂ ခုနှစ်တွင် MK Wing Chair နှင့်ဆင်တူ STANDMON Wing Chair ကို နာမည်အသစ် အသွင်အသစ်ဖြင့်ဆန်းသစ်မွန်းမံလိုက်ပါတယ်။
၁၉၅၁ နောက်ပိုင်း စာဖတ်ထိုင်ခုံအဖြစ် အသုံးပြုခဲ့ကြ​သော်လည်း ယခုအခါ ထိုင်ခုံအကျယ်ကို ပိုမိုကျယ်ဝန်းစွာ တီထွင်လိုက်ပါတယ်။ ထို့ကြောင့် ထိုင်ခုံ၏ လက်တန်းပေါ်တွေ ​ဘေးတိုက်လဲလျောင်း ခြေထောက်လေးချိတ်ပြီး အစားအစာ စားလို့ရအောင်ထိ ထိုင်ခုံပြန့်ကျယ်လာသောကြောင့် လွတ်လွတ်လပ်လပ်ရှိပြီး ထိုင်ရတာ ပိုမိုသက်တောင့်သက်သာ ဖြစ်လာပါတယ်။
STANADMON Wing Chair ကို စျေးကွက်ထဲဖြန့်မချီခင် စမ်းသပ်မှုလည်းလုပ်ခဲ့ကျသည််။ ထိုင်ထအကြိမ် 50,000 အနည်းဆုံး ခုံပေါ်တွင် ပြုလုပ်မှုကိုကောင်းကောင်းခံနိုင်ရည်ရှိပြီး ဒီပမာဏသည် တစ်နေ့ကို ထိုင်ထတစ်ကြိမ်ပြုလုပ်မယ်ဆိုရင် နှစ်ပေါင်း ၁၃၆ ကြာမြင့်ပါလိမ့်မယ်။
1950 ပြည့်လွန်နှစ်များနှင့် နှိုင်းယှဥ်ပါက နေထိုင်မှုပုံစံ မတူညီကွဲပြားသွားကြ​သော်လည်း ခိုင်ခံ့ပြီး သက်တောင့်သက်တာဖြစ်သည့် STANDMON Wing Chair တော့ ယခုအချိန်ထိ အိမ်တိုင်းမှာ လိုအပ်စမြဲပါပဲ။ အရောင်အသစ်တွေ new patterm တွေထွက်လာတာမို့ ကြိုက်နှစ်သက်ရာ ရွေးချယ်လို့ရပြီး မရိုးသွားမည့် Classic ဆန်ဆန်ဒီဇိုင်းနှင့် ခိုင်ခံ့​ပြီး သက်တောင့်သက်တာရှိစေသည့်အတွက် ယခုအချိန်ထိ လူ​ကြိုက်များပြီး ​ရောင်းအားကောင်းနေရခြင်းဖြစ်ပါတယ်။
Back to blog